Saturday, June 18, 2022

ဘာလာလာ ဖျက်မယ် (Revo Uninstaller)

.


.

ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာထဲကို Software တစ်ခုခု သွင်းလိုက်တဲ့အခါမှာ အဲဒီ Software နဲ့ ပတ်သက် တဲ့ ဖိုင်တွေဟာ ကွန်ပျူတာထဲက Programn ဖိုလ်ဒါ တစ်ခုထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ သူ့နဲ့ သက်ဆိုင်တဲ့ ဖိုင်တွေ က စက်ထဲမှာ အများအပြား နေရာယူထားပါတယ်။

.

တကယ်လို့ ကိုယ်က မလိုအပ်တော့လို့ အဲဒီ Software ကို ဖျက်မယ်ဆိုရင် စက်ထဲမှာ Software က ပျက်သွားပေမဲ့ သူနဲ့ ပတ်သက်တဲ့ ဖိုင်တွေက ကိုယ့်စက်ထဲမှာ ကျန်ရှိနေဆဲပါ။ ပုံမှန်အားဖြင့် Control Pannel ထဲက Uninstall or Change Programn မှာ Software တစ်ခုကို ဖြုတ်လိုက်ရရင် ပြီးသွားပြီလို့ ထင်ကြပါတယ်။

.

တကယ်တော့ သူနဲ့ ပတ်သက်တဲ့ Registry ဖိုင်တွေက စက်ထဲမှာ နေရာယူထားဆဲဖြစ်ပါတယ်။ အဲဒီလို Software တွေကို သွင်းလိုက်၊ ဖြုတ်လိုက် ကြာလာတဲ့အခါမှာ ကိုယ့်စက်ထဲမှာ မလိုအပ်တဲ့ ဖိုင်တွေက အများအပြား နေရာယူ လာမှာ ဖြစ်ပါတယ်။

.

ဒါတွေကို ဖြေရှင်းဖို့အတွက် သမားရိုးကျ Control Pannel က Uninstall လုပ်နည်းအစား Uninstaller Application တွေ အများအပြား ပေါ်ထွက်လာကြပါတယ်။ တချို့ကလည်း အခမဲ့ အသုံးပြုနိုင်သလို တချို့ကလည်း ဝယ်ယူအသုံးပြု ရမှာ ဖြစ်ပါတယ်။

.

ဒီနေရာမှာ ဘယ်နေရာမှ အလကားမရဘူး ဆိုသလိုပဲ Free Version Software တွေဟာ တကယ်တမ်း သိပ်ပြီးတော့ အသုံးမတည့်တာကို တွေ့ရပါတယ်။

.

အခု ကျွန်တော် Free Version အနေနဲ့ တော်တော်လေးကို အသုံးတည့်တဲ့ Software တစ်ခုကို မိတ်ဆက်ပေးချင် ပါတယ်။ အဲဒါကတော့ Revo Uninstaller ပါ။

.

သူလည်း Paid Version တွေ အဆင့်ဆင့် ရှိပါတယ်။ ဒါပေမဲ့ Free Version အဆင့်မှာကို ကျွန်တော်တို့အတွက် အသုံးပြုဖို့ အဆင်ပြေတာတွေ အများအပြား ရှိနေပါတယ်။ ခုနက ပြောခဲ့တဲ့ Registry ဖိုင်တွေ အားလုံးကို တစ်ခု မကျန် ရှင်ပေးနိုင်သလို သူ့ရဲ့ အဓိက အားသာချက်ကတော့ Window ထဲက နဂိုက ပါလာပြီးသားဖြစ်တဲ့ System Application တွေကိုလည်း Free Version မှာ Uninstall လုပ်ခွင့် ပေးထားပါတယ်။

.

စမ်းသပ်အသုံးပြုဖို့ ဒီမှာ ဒေါင်းပါ။ Portable Version ဖြစ်တဲ့အတွက် Install လုပ်စရာ မလိုပါဘူး။ Application ကို Run as administrator နဲ့ တိုက်ရိုက် Run ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

.

System Application တွေကိုပါ ဖျက်ပေးနိုင်တဲ့အတွက် “At your own risk” လို့ပဲ သတိပေး ပြောချင်ပါတယ်။ အကောင်းဆုံးကတော့ System Backup ကို လုပ်ထားပါ။ ဒါပေမဲ့ သူ့ Software မှာလည်း App တစ်ခုခုကို uninstall လုပ်မယ်ဆိုတိုင်း System Backup လုပ်ဖို့ သတိပေးပါတယ်။ မလိုအပ်ရင်တော့ အမှန်ခြစ် ဖြုတ်ထားပေးလို့ ရပါတယ်။

.

Beginner အတွက် မဟုတ်တဲ့အတွက် အသေးစိတ်ကိုတော့ မရှင်းပြတော့ပါဘူး။ လိုအပ်ရင် ဒေါင်းယူကြပါ။

.

မရှင်းတာရှိရင် Facebook Page Messanger မှာ မေးမြန်းနိုင်ပါတယ်။

.

#At Your Own Risk#

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

.


No comments:

Post a Comment