Thursday, November 24, 2022

Computer ကို ပုံမှန် Services လုပ်ဖို့ လိုအပ်သလား ?

.

ဟုတ်ကဲ့ခင်ဗျ။ အပေါ်မှာ ကျွန်တော် မေးထားတဲ့ မေးခွန်းလိုပဲ ကိုယ့်ရဲ့ ကွန်ပျူတာကို ပုံမှန် Services လုပ်ဖို့ လိုအပ် ပါတယ်။

.

.

Computer အသုံးပြုသူတွေနဲ့ Services ဆရာသမားတွေ အများစု ကြုံရတဲ့ ပြဿနာက အဲဒါပါပဲ။

.

User တွေ အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာကို ရသလောက် သုံးမယ်။ လုပ်ငန်းအတွက် သုံးမယ်၊ ဂိမ်းဆော့မယ်၊ Youtube ကြည့်မယ် စသည်ဖြင့်ပေါ့။ လုံးဝသုံးမရတော့မှ ဖွင့်မရတော့မှ ဆိုင်ပို့ကြတာ ထုံးစံပါပဲ။

.

ဘာဖြစ်သလဲဆိုတော့ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတာပေါ့။ (ကာကာတို့ရဲ့ ကွန်ပျူတာကို ပုဆိန်နဲ့တော့ မပေါက်ပါဘူးနော် ဟီးဟီး စိတ်မပူကြပါနဲ့)

.

Services သမားတွေလည်း တိုင်ပတ်ရပါတယ်။ အဓိက ကတော့ သုံးစွဲသူ အများစုက ကိုယ့်ရဲ့ Computer ကို ပုံမှန် Cleaning မလုပ်နိုင်ခြင်းနဲ့ Virus အပါအဝင် အခြားသော အကြောင်းများကြောင့် ဖြစ်ပါတယ်။

.

ကျွန်တော် ကြုံဖူးတာဆိုရင် ရုံးတစ်ရုံးက ကွန်ပျူတာမှာ Temp ဖိုင်တွေကို Gb အများကြီး ရှိခဲ့ပါတယ်။ ဒါတွေက စက်ကို ဒုက္ခပေးတဲ့ ပြဿနာတွေပါပဲ။

.

အထူးသဖြင့် ဌာနဆိုင်ရာရုံးနဲ့ အခြားသော ရုံးတွေမှာ တွေ့ရတဲ့ ပြဿနာတစ်ခုကတော့ စက်တစ်လုံး ဖွင့်မရတော့လို့ Services ဆိုင် လာပို့တယ်။ Services သမားက လုပ်ပေးလိုက်တယ်။ ခက်တာက အဲဒီရုံးမှာ တခြား ကျန်နေတဲ့ စက်တွေက Virus တွေ ရှိနေတယ်။ ဒီတော့ Services သမား ပြင်လိုက်တဲ့စက်က အလကားပါပဲ။ သူတို့ရုံးရောက်ရင် သူတို့ Memory Stick တွေ၊ တခြား Network နည်းလမ်းတွေနဲ့ စက်အချင်းချင်း ပြန်ချိတ်ကြမှာပဲ။ ဒီတော့ ပြန် လစ်တာပါပဲ။

.

Services သမားက စက်များများ ပြင်ချင်လို့၊ ပိုက်ပိုက် များများ လိုချင်လို့ စက်တွေအကုန်လုံး စစ်မယ်လို့ ပြောတာ မဟုတ်ရပါဘူး။ လိုအပ်လို့၊ မစစ်လို့ မဖြစ်လို့ စစ်ရတာကို ကာကာများ နားလည်စေချင်ပါတယ်။

.

အကောင်းဆုံးကတော့ ကျွန်တော် အပေါ်မှာ မေးခွန်း မေးခဲ့သလို Computer များကို ပုံမှန် Services လုပ်ပေးဖို့ လိုအပ်ပါတယ်။ ၆ လ တစ်ကြိမ်လောက် လုပ်ပေးရင် လုံလောက်ပါတယ်။ (ဘာ error မှ မရှိရင် ပြောပါတယ်)

.

ပြောချင်တာလည်း ပြောပြီးပြီဆိုတော့ လက်ဆောင်လေးတစ်ခုတော့ ပေးပါရစေ။

.

Team Viewer Software ကို ဒီမှာ ဒေါင်းပါ။

.

Window Computer သာမက မည်သည့် ပလက်ဖောင်း ဥပမာ Andriod ဖုန်းကနေဖြစ်ဖြစ် တစ်ဘက်က Computer ကို Control လုပ်နိုင်တဲ့ Software တစ်ခုပါ။

.

ဆရာများ ကျော်သွားပါခင်ဗျ။ သုံးတတ်သူများ အသုံးပြုနိုင်ပါစေ။ မသုံးတတ်သူများအတွက် သီးသန့်ပို့စ်တစ်ခု တင်ပေးပါမယ်။ အခုကတော့ စိတ်အချဉ်ပေါက်လာလို့ လေရှည်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျ။

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

.

ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း နည်းပညာနဲ့ ပတ်သက်တာတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားပေးပါဦး။

.

No comments:

Post a Comment