Wednesday, June 7, 2023

မရှိမဖြစ် Hiren’s Boot CD

.

.

ကွန်ပျူတာဆားဗစ်သမားတွေသာမက ကွန်ပျူတာရှိသူတိုင်း ဆောင်ထားသင့်တဲ့ Hiren’s Boot CD ကို တင်ပေးပါမယ်။

.

 Hiren’s Boot CD ထဲမှာဆိုရင် Data Backup ရယူတာ၊ Window Password ဖယ်ရှားတာ၊ ဝင်းဒိုး လုံးဝတက်မလာ တော့လို့ အသစ်ပြန်တင်ရမယ့် စက်တွေထဲက ဒေတာတွေကို ပြန်ယူတာ၊ HDD တစ်လုံးကနေ နောက်တစ်လုံးကို Clone ရယူတာ၊ HDD စစ်ဆေးနိုင်တဲ့ Tool မျိုးစုံတွေအပြင် အခြား အသုံးဝင်တဲ့ Application များစွာ ပါဝင်ပါတယ်။

.

အဓိကအားဖြင့်တော့ ကွန်ပျူတာက ပုံမှန်ဝင်းဒိုးမတက်နိုင်တဲ့အခြေအနေမျိုးမှာ HDD ထဲက ဒေတာတွေကို ပြန်ယူဖို့ ဖြစ်စေ၊ HDD ကို စစ်ဆေးဖို့ပဲဖြစ်စေ၊ ကွန်ပျူတာတစ်ခုလုံးကို စီမံခန့်ခွဲနိုင်ဖို့အတွက် Hiren ဝင်းဒိုးနဲ့ တက်ပြီး စက်ကို အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ Window 10 နဲ့ ခပ်ဆင်ဆင်တူမှာဖြစ်ပါတယ်။

.

အခု ကျွန်တော် တင်ပေးမှာကတော့ Hiren Boot CD PE x64 (v1.0.2) ဖြစ်ပါတယ်။

.

လိုအပ်ရင် ဒီမှာ ဒေါင်းယူနိုင်ပါတယ်။ ဖိုင်ဆိုဒ် 2.88 Gb ရှိပါတယ်။

.

သူ့ရဲ့ အသုံးဝင်ပုံတွေက များပြားပါတယ်။ မသိသူကျော်သွား၊ သိသူဖော်စားပေါ့။ Beginner အတွက် မဟုတ်တာကြောင့် အသေးစိတ်ကိုတော့ မရှင်းပြတော့ပါဘူး။ လိုအပ်ရင် ဒေါင်းယူကြပါ။

.

မရှင်းတာရှိရင် Facebook Page Messanger မှာ မေးမြန်းနိုင်ပါတယ်။

.

#At Your Own Risk#

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

.

No comments:

Post a Comment