Thursday, November 24, 2022

Computer ကို ပုံမှန် Services လုပ်ဖို့ လိုအပ်သလား ?

.

ဟုတ်ကဲ့ခင်ဗျ။ အပေါ်မှာ ကျွန်တော် မေးထားတဲ့ မေးခွန်းလိုပဲ ကိုယ့်ရဲ့ ကွန်ပျူတာကို ပုံမှန် Services လုပ်ဖို့ လိုအပ် ပါတယ်။

.

.

Computer အသုံးပြုသူတွေနဲ့ Services ဆရာသမားတွေ အများစု ကြုံရတဲ့ ပြဿနာက အဲဒါပါပဲ။

.

User တွေ အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာကို ရသလောက် သုံးမယ်။ လုပ်ငန်းအတွက် သုံးမယ်၊ ဂိမ်းဆော့မယ်၊ Youtube ကြည့်မယ် စသည်ဖြင့်ပေါ့။ လုံးဝသုံးမရတော့မှ ဖွင့်မရတော့မှ ဆိုင်ပို့ကြတာ ထုံးစံပါပဲ။

.

ဘာဖြစ်သလဲဆိုတော့ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတာပေါ့။ (ကာကာတို့ရဲ့ ကွန်ပျူတာကို ပုဆိန်နဲ့တော့ မပေါက်ပါဘူးနော် ဟီးဟီး စိတ်မပူကြပါနဲ့)

.