Thursday, January 27, 2022

Window တင်နည်း အပြည့်အစုံ

.
.

Window ဖိုင်တချို့ကိုလည်း ကျွန်တော် တင်ပေးခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ခါတော့ နည်းစနစ် မှန်ကန်စွာ Window တင်နည်းကို ပြောပြပေးလိုပါတယ်။

.

Window တင်တဲ့အခါမှာ DVD ခွေနဲ့ဖြစ်စေ၊ Memory Stick နဲ့ဖြစ်စေ တင်လို့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အခု Memory Stick နဲ့ Window တင်နည်းကိုပဲ ပြောပြပေးသွားမှာဖြစ်ပါတယ်။

.

လက်ရှိ အချိန်ကာလမှာ DVD Drive တွေဟာ အသုံးပြုမှုနည်းလာတာကို တွေ့ရပါတယ်။ ဥပမာ နောက်ပိုင်းထွက်တဲ့ Slim Type Laptop တချို့မှာဆိုရင် DVD Drive လုံးဝ မပါဝင်တော့တာကို တွေ့ရပါတယ်။ ဒါ့အပြင် DVD Drive ပါတဲ့ စက်တွေမှာလည်း ခွေနဲ့ ဝင်းဒိုး တင်တဲ့အခါမှာ စက်ရဲ့ DVD Drive က မကောင်းတာဖြစ်စေ၊ ကိုယ့်ရဲ့ ခွေက မကောင်း တာဖြစ်စေ အကြောင်းကြောင်းကြောင့် နှောင့်နှေးကြန့်ကြာတာတွေ၊ ဝင်းဒိုးတင်မရတာတွေ ဖြစ်တတ်ပါတယ်။ နောက် ပြီး အခု နောက်ဆုံးထွက် ဝင်းဒိုးဖိုင်တွေမှာဆိုရင် တချို့ 5 Gb နဲ့ အထက် ရှိကြတော့ 4.7 Gb DVD နဲ့ မဆံ့တော့ပါဘူး။ ဒါကြောင့် Memory Stick နဲ့ပဲ ဝင်းဒိုး တင်မှ အဆင်ပြေမှာဖြစ်ပါတယ်။

.

ဝင်းဒိုးတင်ဖို့ ဘာတွေ လိုအပ်မလဲ

.

Memory Stick နဲ့ ဝင်းဒိုးတင်ဖို့အတွက် အောက်က အချက် ၃ ချက် လိုအပ်မှာဖြစ်ပါတယ်။

.

(၁)       8 Gb နဲ့အထက် Memory Stick တစ်ချောင်း

ဝင်းဒိုးဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 4 Gb ဝန်းကျင် ရှိတဲ့အတွက် 4 Gb ရှိတဲ့ Stick နဲ့ဆိုရင် မဆံ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး 8 Gb နဲ့အထက်ရှိတဲ့ Memory Stick တစ်ချောင်း လိုအပ်ပါတယ်။

.

(၂)        တင်လိုတဲ့ Window iso ဖိုင်

မိမိ တင်လိုတဲ့ Window iso ဖိုင်ကို Microsoft ရဲ့ Official Download Link ကဖြစ်စေ တခြား Site တစ်ခုခုက ဖြစ်စေ ဒေါင်းလုတ် ရယူထားဖို့ လို့ပါတယ်။ (ကျွန်တော့် Page ထဲမှာလည်း တင်ပေးထားတာ တချို့ ရှိပါတယ်။)

.

(၃)       Rufus Software

ကိုယ့်ရဲ့ Memory Stick ကို Bootable Stick အဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ Software ဖြစ်ပါတယ်။ Rufus ရဲ့ Official Site ဖြစ်တဲ့ Rufus - Createbootable USB drives the easy way ကနေ သွားရောက်ဒေါင်းယူနိုင်သလို ဒီနေရာ ကနေလည်း ဒေါင်းယူနိုင်ပါတယ်။

.

ဝင်းဒိုးမတင်ခင် သိထားရမယ့် အရေးအကြီးဆုံးအချက်

.

ကွန်ပျူတာတစ်လုံးကို ဝင်းဒိုးပြန်မတင်ခင်မှာ ကိုယ်တင်မယ့် ကွန်ပျူတာရဲ့ Hard Disk ဟာ GPT Partation Style လား MBR Partation Style လားဆိုတာ အရင်ဆုံး သိထားဖို့ လိုပါတယ်။ အဲဒီလို မသိထားဘူးဆိုရင်တော့ GPT Style ကို MBR နဲ့ တင်မိတာဖြစ်စေ၊ MBR Style ကို GPT နဲ့ တင်မိတာဖြစ်စေ လုပ်မိရင် Partation ရွေးတဲ့အဆင့်ရောက်တဲ့အခါ ရှေ့ဆက်လို့ မရဘဲ error နဲ့ တွေ့ရမှာဖြစ်ပါတယ်။

.

အကယ်၍ အဲဒီလို Partation Style မှားတင်မိခဲ့ရင် ဖြေရှင်းဖို့ နည်းလမ်းကို သီးခြား တင်ဆက်ပေးသွားပါမယ်။ အခု ဝင်းဒိုး တင်နည်းတောင်မှ စာ တော်တော် ရှည်မှာဖြစ်တဲ့အတွက် သီးခြား ချန်လှပ်ခဲ့ခြင်းဖြစ်ပါတယ်။

.

ကွန်ပျူတာရဲ့ Hard Disk ဟာ GPT လား၊ MBR လား သိဖို့အတွက် အရင်ဆုံး Keyboard က Window Key နဲ့ “R” ကို တွဲ နှိပ်ပြီး Runbox ကို ခေါ်ပါ။ Runbox တက်လာတဲ့အခါ အဲဒီ runbox ထဲမှာ “diskmgmt.msc” လို့ ရိုက်ပြီး OK နှိပ်လိုက် ပါ။

.

အခုလို Disk Management Box လေး ပေါ်လာပါမယ်။

.

အဲဒီထဲက အောက်မှာရှိတဲ့ Disk 0 နေရာမှာ right click နှိပ်ပြီး properties ကို ဝင်ကြည့်ပါ။

.

Hard Disk ရဲ့ Properties Box ကို မြင်ရမှာဖြစ်ပါတယ်။ အဲဒီထဲက Volume ကို နှိပ်ကြည့်ရင် Partation Style ဆိုတဲ့ နေရာမှာ GPT လား MBR လား ဆိုတာကို ဖော်ပြပေးထားပါတယ်။ (ပုံထဲမှာတော့ ကျွန်တော့် ကွန်ပျူတာက MBR ဖြစ် တဲ့အတွက် Partation Style နေရာမှာ MBR လို့ ဖော်ပြထားပါတယ်)

.

ဒါဆိုရင်တော့ ကိုယ် ဝင်းဒိုးတင်မယ့် ကွန်ပျူတာက GPT လား MBR လား ဆိုတာကို ခွဲခြားသိနိုင်ပြီ ဖြစ်ပါတယ်။

.

ဝင်းဒိုးတင်ဖို့ ပြင်ဆင်မယ်

.

Partation Style သိပြီဆိုရင်တော့ ဝင်းဒိုးတင်ဖို့အတွက် နောက်ထပ် လုပ်ဆောင်ရမှာကတော့ ကိုယ်တင်မယ့် ဝင်းဒိုး iso ဖိုင် ကို ဒေါင်းလုတ် လုပ်ရမှာဖြစ်ပါတယ်။ Microsoft ရဲ့ Official Download Link ဖြစ်တဲ့ Download Windows 10 (microsoft.com) ကနေ သွားပြီး ဒေါင်းလုတ် ရယူနိုင်သလို တခြားတစ်နေရာရာကနေလည်း ဒေါင်းလုတ် ရယူနိုင်ပါ တယ်။ ဒါကတော့ မခက်ခဲတာဖြစ်တဲ့အတွက် အသေးစိတ် မရှင်းပြတော့ပါဘူး။ ကျွန်တော့် Page ထဲမှာလည်း တင်ပေး ထားတာတွေ ရှိပါတယ်။

.

ဆက်လက်ပြီး Window iso ဖိုင် ရလာပြီဆိုရင် ကိုယ့်ရဲ့ Memory Stick ကို Bootable ဖြစ်အောင် လုပ်ရပါမယ်။ အဲဒီလို လုပ်တဲ့အခါမှာ Stick ကို Format ရိုက်မှာဖြစ်တဲ့အတွက် Stick ထဲမှာ လိုအပ်တဲ့ data တွေရှိရင် Backup လုပ်ထားဖို့ လိုအပ်ပါတယ်။

.

Bootable Stick လုပ်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့ Memory Stick ကို ကွန်ပျူတာမှာ ထိုးပါ။ ပြီးရင် ဒေါင်းလုတ် လုပ် ထားတဲ့ Rufus Software ကို ဖွင့်ပြီး အောက်ပါအတိုင်း လုပ်ဆောင်ပေးရပါမယ်။

.

(1)          Devices ကို ရွေးချယ်ပါ။ ကျွန်တော်က 16 Gb ရှိတဲ့ Stick ကို ထိုးထားတာဖြစ်လို့ အဲဒီ 16 Gb Stick ကို ပြပေး နေပါတယ်။ အကယ်၍ Memory Stick တစ်ချောင်းထက် ပိုထိုးထားရင် အဲဒီနေရာမှာ ကိုယ် ဝင်းဒိုးတင်မယ့် Stick ကို မမှားအောင် ရွေးချယ်ပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ Stick တစ်ချောင်းပဲ ထိုးထားပါ။ ဒါဆိုရင် ရွေးချယ်ပေးစရာ မလိုပါဘူး။

(2)          Window iso ဖိုင် ရွေးချယ်ပါ။ Select ကို နှိပ်ပြီး ကိုယ် ဒေါင်းလုတ်ရယူထားတဲ့ Window iso ဖိုင် ကို ကိုယ့် ကွန်ပျူတာထဲမှာ သွားရောက်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ (ဥပမာ ဒေါင်းလုတ် ရယူ ထားတာ ဆိုရင် This PC ထဲက Download ထဲမှာ ရှိပါမယ်) ကျွန်တော်က အခု ပုံထဲမှာ Windo 10 21H2 ဆိုတဲ့ iso ဖိုင်ကို ရွေး ချယ်ထားပါတယ်။ (အစိမ်းနဲ့ ဝိုင်းပြထားပါတယ်)

(3)          Partation Scheme ရွေးချယ်ပါ။ အပေါ်မှာ ပြောထားတဲ့ကိစ္စက ဒီမှာ လာပါပြီ။ MBR လား GPT လား ဆို တာ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဲဒီမှာ အရွေးမှားခဲ့ရင် ဝင်းဒိုး တင်တဲ့အခါ ရှေ့ဆက်လို့မရဘဲ error တက်မှာဖြစ်ပါတယ်။ ကျွန်တော့် ကွန်ပျူတာက MBR ဖြစ်တဲ့အတွက် MBR ကိုပဲ ရွေးချယ်ထားပါတယ်။

(4)          အပေါ်က ၃ ခုလုံး မှန်ကန်အောင် ရွေးချယ်ပြီးပြီဆိုရင်တော့ Start ကို နှိပ်ပါ။ အဲဒီအချိန်မှာ Stick ထဲမှာ ရှိတဲ့ Data တွေ အကုန် ပျက်မှာဖြစ်တယ် ဆိုတဲ့အကြောင်း Warning Box တစ်ခု ကျလာပါလိမ့်မယ်။ OK ပေးလိုက်ရင် Rufus က သူ့ဘာသာသူ Run သွားပါလိမ့်မယ်။

.

အခုလို Ready လို့ ပြပြီဆိုရင်တော့ ကိုယ့်ရဲ့ Stick ကို ဝင်းဒိုးတင်မယ့် Bootable Stick အဖြစ် ပြောင်းလဲတာ အောင်မြင် သွားပြီဖြစ်ပါတယ်။ အဲဒီ Memory Stick နဲ့ Window တင်လို့ ရပါပြီ။

.

Window တင်မယ်

.

အပေါ်မှာ ပြောခဲ့တာတွေကတော့ ဝင်းဒိုးမတင်ခင်မှာ ကြိုတင်ပြင်ဆင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒါတွေ အားလုံး ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ဝင်းဒိုးတင်တဲ့ လုပ်ငန်းစဉ် စတင်ပါမယ်။

.

အရင်ဆုံး Bootable Stick ကို ကိုယ့်ရဲ့ ကွန်ပျူတာမှာ တပ်ပါ။ ပြီးတော့ စက်ကို Restart ချပြီး ပြန်တက်လာတဲ့အချိန်မှာ Boot Menu ကို ဝင်ဖို့အတွက် “F12” Key ကို နှိပ်ပါမယ်။ တချို့စက်တွေမှာလည်း “F9”, “F11” စသည်ဖြင့် စက်အမျိုး အစားအလိုက် ကွဲပြားနိုင်ပါတယ်။

.

အခုဖော်ပြထားတာကတော့ Boot Menu နမူနာပုံစံတွေ ဖြစ်ပါတယ်။ စက်ရဲ့ ဘုတ်အမျိုးအစားအလိုက် ပုံစံ ကွဲပြားနိုင် ပေမဲ့ အဓိက အချက်ကတော့ အဲဒီထဲက “USB” ကို ဖြစ်စေ၊ “Removal Devices” ကို ဖြစ်စေ ဒါမှမဟုတ် ကိုယ့် Stick ရဲ့ နာမည် ဥပမာ “Kingston” ဖြစ်စေ အဲဒီတစ်ခုကို ရွေးချယ်ပြီး “Enter” ခေါက်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ် က CD/DVD နဲ့ ဝင်းဒိုးတင်တာ ဆိုရင်တော့ CD/DVD ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

.

အဲဒီလို ရွေးချယ်ပြီး Enter ခေါက်လိုက်တာနဲ့ အခုလို Window Stetup ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ English (United State), US မှန်တယ်ဆိုရင် ဘာမှထပ်မရွေးဘဲ Next ကို နှိပ်ပါမယ်။

.

Install now ကိုပဲ နှိပ်ပါမယ်။

.

Product Key တောင်းလာရင် I don’t have product key ကိုနှိပ်ပြီး ကျော်သွားပါမယ်။

.

ဒီနေရာမှာ Window Edition ရွေးပေးရမှာဖြစ်ပါတယ်။ ချယ်Window 10 Pro (x64 – 64 Bit) ကိုပဲ ရွေးပြီးရင် Next ကို ဆက်သွားပါ။

.

ဒီနေရာမှာတော့ ဝင်းဒိုးကို ဘယ်လိုပုံစံနဲ့ တင်မလဲဆိုတာ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

.

အပေါ်က Upgrade ကတော့ လက်ရှိ သုံးနေတဲ့ ဝင်းဒိုးထက် မြင့်တဲ့ ဗားရှင်းကို upgrade လုပ်တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်မယ်ဆိုရင်တော့ စက်ထဲက ဒေတာတွေ လုံးဝ ဆုံးရှုံးမှာ မဟုတ်ဘဲ ဝင်းဒိုးပဲ ဗားရှင်းမြင့်သွားမှာဖြစ်ပါတယ်။

.

Custom Install မှာတော့ Clean Install (စက်ထဲက ဒေတာတွေ အားလုံး ဆုံးရှုံး) လုပ်နိုင်သလို ကိုယ် ဝင်းဒိုးတင်ထား တဲ့ Drive တစ်ခုပဲ၊ ဥပမာ “C” Drive တစ်ခုကိုပဲ ဖျက်ပြီး တင်မလား ဆိုတာ ရွေးချယ်နိုင်ပါတယ်။

.

ကျွန်တော်တို့ ဒီနေရာမှာ Custom Install နဲ့ ဆက်သွားပါမယ်။ ပြီးတော့ ဒေတာတွေ မဆုံးရှုံးချင်တာဖြစ်တဲ့အတွက် ကျန်တဲ့ အပိုင်းတွေ မဖျက်ဘဲ “C” Drive တစ်ခုကိုပဲ ဖျက်ပြီး ဝင်းဒိုးတင်သွားမှာဖြစ်ပါတယ်။

.

Custom Install ကို နှိပ်လိုက်ရင် အခုလို မြင်ရမှာဖြစ်ပါတယ်။

အခုပုံကတော့ နမူနာ ဖြစ်ပါတယ်။ ဒီမှာ တစ်ခု သိထားရမှာက နဂိုမူလ ကိုယ့်စက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ “C” အပိုင်းက ဘယ်နှ Gb ရှိတယ်ဆိုတာကို သိဖို့လိုပါတယ်။ ဥပမာ 100 Gb ရှိတယ်ဆိုရင် အဲဒီ 100 Gb ရှိတဲ့ Partation ကို ရွေးပြီး Format ချပြီး Next ကို နှိပ်ကာ ဆက်သွားနိုင်ပါတယ်။

.

ဒါမှမဟုတ် ပိုပြီး ရှင်းချင်ရင်တော့ ကိုယ့်စက်ရဲ့ Data ထားတဲ့အပိုင်း ဥပမာ “D” Drive, “E” Drive တွေရဲ့ Size ကိုလည်း သိတယ်ဆိုရင် အဲဒီ Partation တွေကိုပဲ ချန်ပြီး ကျန်တာအားလုံးကို Delete လုပ်၊ ပြီးတော့မှ Unallocated Space ကို ရွေး၊ New နှိပ်၊ အဲဒီ Partation အသစ်ကို ရွေးပြီးတော့ ရှေ့ဆက်သွားနိုင်ပါတယ်။ (GPT နဲ့ MBR အရွေးမှားခဲ့တယ် ဆိုရင် ဒီနေရာမှာ ရှေ့ဆက် မရဘဲ Error တက်နေမှာ ဖြစ်ပါတယ်)

မှတ်ချက်။ နဂိုမူလ C,D ၂ ခုပဲ ရှိတယ်ဆိုရင် D တစ်ခုချန်ပြီး ကျန်တာအားလုံး ဖျက်ပြီးချိန်မှာ D အပိုင်းရဲ့ Size နဲ့ Partation တစ်ခု၊ Unallocated Space တစ်ခု ဆိုပြီး ၂ ခု ကျန်မှာဖြစ်ပါတယ်။ ၃ ခု ရှိရင်တော့ D အပိုင်းရဲ့ Size နဲ့ Partation တစ်ခု၊ E အပိုင်းရဲ့ Size နဲ့ Partation တစ်ခု၊ Unallocated Space တစ်ခု ဆိုပြီး 3 ခု ကျန်မှာဖြစ်ပါတယ်။)

.

အခုလို Installing Window အဆင့် အားလုံးပြီးသွားရင် Restart တစ်ခေါက်ကျပြီး Window တက်လာပြီ ဖြစ်ပါတယ်။

.



Region နဲ့ Keyboard Layout ကို US ပဲထား Yes နှိပ်ပြီး second keyboard layout မေးလာရင် Skip နှိပ်ပြီးတော့ ရှေ့ဆက်သွားပါမယ်။ (တစ်ဆင့်ချင်း ဖြစ်ပါတယ်။ အသေးစိတ် မရှင်းပြတော့ပါဘူး)

.

Network ချိတ်ဖို့ မေးလာရင် Skip for now နဲ့ ကျော်နိုင်ပါတယ်။ ကိုယ်တင်နေတဲ့ ဝင်းဒိုးက Pre-activated ဆိုရင် Network ချိတ်ပြီးတော့လည်း ရှေ့ဆက်သွားနိုင်ပါတယ်။

.

PC ရဲ့ User Name သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

.

Window Password သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ မထည့်ချင်ရင်လည်း ဘာမှမဖြည့်ဘဲ Next ကို နှိပ်သွားနိုင်ပါတယ်။

.



Yes, Yes, Accept နှိပ်သွားရုံပဲ ဖြစ်ပါတယ်။

.

 



ဒီအဆင့်တွေမှာ ဘာမှ နှိပ်ပေးစရာ မလိုပါဘူး သူ့ဘာသာ လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင် Window တင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

.

.

အားလုံး နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

.

စာရှည်သွားတာကြောင့် offline အနေနဲ့ ဖတ်ရှုချင်သူတွေလည်း အဆင်ပြေအောင် PDF ဖိုင်ကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

 











No comments:

Post a Comment