Saturday, February 25, 2017

နယူးဇီလန်တွင် ပီဇာများကို ဒရုန်းယာဉ်ဖြင့် အိမ်တိုက်ရာရောက် ပို့ဆောင်ပေးနိုင်တော့မည်

နယူးဇီလန်နိုင်ငံတွင် ပီဇာများကို မောင်းသူမဲ့ လေယာဉ်ပျံ ဒရုန်းများဖြင့် ပို့ဆောင်နိုင်တောာ့မည် ဖြစ်ကြောင်း သိရသည်။ နယူးဇီလန်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဒရုန်းယာဉ်ပျံဖြင့် အစားအသောက် အိမ်တိုင် ရာရောက်ပို့ဆောင်မှုကို စမ်းသပ်ခဲ့ပြီး နောက်လအတွင်း လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။



"၂ ကီလိုဂရမ်လောက်ရှိတဲ့ ပီဇာကို ပို့ဆောင်ဖို့အတွက် ၂ တန်လောက်လေးတဲ့ယာဉ်တွေ အသုံးပြုဖို့ မလိုတော့ ပါဘူး" ဟု Domino's Pizza အင်တာပရိုက်စ်၏ အထွေထွေ မန်နေဂျာ Scott Bush မှ ပြောကြား ခဲ့သည်။ ဆက်လက်ပြီး ၎င်းမှ "အော်ခ်လန် လို ယာဉ် ကြောပိတ်ဆို့တဲ့နေရာမျိုးမှာ လေကြောင်းကနေ ပို့ဆောင်ဖို့ အတွေးရခဲ့တာပါ" ဟု ဆက်လက်ပြောကြား ခဲ့သည်။

ပီဇာမှာကြားသော ဖောက်သည်အနေဖြင့် အဆိုပါ ဒရုန်းယာဉ် ရောက်ရှိရန် နီးကပ်လာပါက ၎င်းတို့၏ စမတ်ဖုန်းတွင် အချက်ပေးမည်ဖြစ်သည်။ အချက်ပေး မှုရရှိပါက အိမ်ပြင်ထွက်ပြီး မိုဘိုင်းဖုန်းမှ ခလုတ်ကို နှိပ်ပေးရုံဖြင့် ဒရုန်းယာဉ်မှ နိမ့်ဆင်းလာပြီး အစားအ သောက်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။

ထိုသို့ပို့ဆောင်ပေးခြင်းမှာ အပိုကုန်ကျစရိတ်များ ကျခံ နေရဦးမည်ဖြစ်သည်။ သို့သော် Bush မှ ရေရှည်တွင် အပိုကုန်ကျစရိတ်မရှိသော ပို့ဆောင်မှုမျိုးကို မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင်  ဖောက် သည်များကို အမှန်တကယ် ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

၎င်းဒရုန်းပျံသန်းမှုကို အမေရိကန်ဒရုန်းကုမ္ပဏီ Flirtey မှ ဆောက်ရွက်မည်ဖြစ်ပြီး အလိုလျောက် စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း လူသားမှ အနီးကပ်ကြီးကြပ်မှု ပြုလုပ်ပေးမည်ဖြစ်သည်။

ဒိုမီနိုအနေဖြင့် ပို့ဆောင်ပေးဆောင်ပေးနိုင်မည့်အကွာ အဝေးမှာ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။ နယူးဇီလန်နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းယာဉ်ဥပဒေတွင် လက်ရှိအခြေအနေအရ ဒရုန်းမောင်းနှင်ထိန်းကျောင်း သူ မြင်နိုင်သည့်အကွာအဝေးအထိသာ မောင်းနှင်ခွင့် ပြုထားသည်။ ဒိုမီနိအြနေဖြင့် အဆိုပါအတားအဆီးများ ပယ်ဖျပ်နိုင်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါဝန်ဆောင်မှုမျိုးကို ကမ္ဘာတစ်လွှား ဆောင်ရွက် သွားလိုကြောင်းလည်း Bush မှ ပြောကြားခဲ့သည်။

ဒရုန်းယာဉ်ဖြင့် ပီဇာပို့ဆောင်မှုကို သြစတေးလျ၊ ဂျပန်၊ နယ်သာလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီနိုင်ငံ များတွင်လည်း တိုးချဲ့လုပ်ဆောင်သွားနိုင်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီမှ နယူးဇီလန်တွင် ဒရုန်းယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောက်မှုကို ၂၀၁၇ နှစ်ဆန်းပိုင်း တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

နယူးဇီလန်တွင် ဒိုမီနိုသည် ပီဇာအရွယ်အစား တစ်မျိုး တည်းသာ ထုတ်လုပ်ရောင်းချသည့်အတွက် ဒရုန်း ယာဉ်အနေဖြင့် ပီဇာပုံးများသယ်ဆောင်ကာ ပျံသန်း နိုင်ရေး ကြိုးပမ်းမှုတွင် လွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။ ဒိုမီနိုအနေဖြင့် အနည်းဆုံး ၅.၅ ပေါင်နှင့် အထက် သယ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်းကလည်း အမေရိကန်မှ 7-Eleven စတိုးသည် ကုန်ပစ္စည်းများကို ဒရုန်းဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည့် ပထမဆုံး လုပ်ငန်းဖြစ်ခဲ့သည်။


No comments:

Post a Comment