Monday, February 27, 2017

LG U စမတ်ဖုန်း တောင်ကိုရီးယားတွင် စတင်မိတ်ဆက်

LG နည်းပညာကုမ္ပဏီသည် ၎င်း၏ မွေးရပ်ဌာနေ တောင်ကိုရီးယားနိုင်ငံတွင် အောက်တိုဘာလ ၂၈ ရက်နေ့ က စမတ်ဖုန်းအသစ်တစ်မျိုးကို စတင် မိတ်ဆက်ပြသခဲ့ သည်။ ၎င်း LG U ခေါ် စမတ်ဖုန်း အသစ် တွင် 1.14 GHz octa-core processor ကို 2 GB ပမာဏရှိ Ram နှင့်တွဲစပ်အသုံးပြုထားသည်။ ဒေတာသိုလှောင်မှုပမာဏ 32 GB ပါဝင်ပြီး SD ကဒ်ဖြင့် လည်း ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။

မျက်နှာပြင်အကျယ် ၅.၂ လက်မ ပါရှိပြီး 1080x1920 pixels မြင်ကွင်း ပါဝင်မည်ဖြစ်သည်။ ကင်မရာအနေဖြင် ကျောဘက်ရှိ အဓိကကင်မရာမှာ 13 MP ပါရှိပြီး ရှေ့ ဘက်တွင်လည်း selfie သမားများအကြိုက် အရည်အသွေးမြင့်မားသော 8 MP ရှိ ကင်မရာ ပါရှိမည်ဖြစ်သည်။



LG U ၏ အသေးစိတ် အတိုင်းအတာများမှာ 147.6 × 73.2 × 7.7mm အသီးသီးရှိကာ အလေးချိန် 135g ခန့်ရှိသည်။ စမတ်ဖုန်း LG U အတွက် စွမ်းအင် ထောက်ပံ့ပေးမည့် ဘက်ထရီမှာ 3,000mAh စွမ်းအား ရှိမည်ဖြစ်သည်။

၎င်း LG U စမတ်ဖုန်းများကို အဖြူရောင်၊ အနက်ရောင်နှင့် အပန်းရောင် သုံးမျိုးဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးနှုန်းမှာ ကိုရီးယားဝမ် ၃၉၆၀၀၀ (၃၄၅ ဒေါ်လာခန့်) ရှိမည်ဟုသိရသည်။ LG သည် ယခုစမတ်ဖုန်းသစ် LG U စမတ်ဖုန်းများကို ယခုလကုန်တွင် တောင်ကိုရီးယားနိုင်ငံ တွင်း၌ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြာခဲ့ သည်။ အခြားကမ္ဘာ့ဈေးကွက်တွင် ရောင်းချမည့် အစီအစဉ် ကိုမူ မသိရှိရသေးချေ။

Ref : GSM Arena

No comments:

Post a Comment