Monday, February 27, 2017

တန်ဖိုးနည်း Redmi Note 4 စမတ်ဖုန်း ထွက်ရှိလာ

တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် တန်ဖိုးမြင့် Flagship စမတ်ဖုန်းများအဖြစ် Mi Series နှင့် အလယ်အလတ်တန်းစား Redmi Series စမတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိရာ ယခုတစ်ကြိမ် တွင်လည်း Redmi Series ဖက်ဘလက်အရွယ် အစား Redmi Note 4 ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ၌ စတင်မိတ်ဆက်ခဲ့သည်။
၎င်း Redmi Note 4 စမတ်ဖုန်းတွင် Deca-Core Helio X20 SoC processor ကို အသုံးပြုထားသည်။ Ram 2 Gb, Storage 16 Gb ပါဝင် သောဗားရှင်းနှင့် Ram 3 Gb, Storage 64 Gb ပါဝင်သောဗားရှင်းဟူ၍ ၂ မျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ GPU မှာ Mali T800 MP4 GPU ကို အသုံးပြုထားသည်။ သို လှောင်မှုပမာဏ မလုံလောက်ပါကလည်း SD ကဒ်ဖြင့် 128 Gb အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် SD ကဒ် အသုံးပြုလိုပါက Sim Card ၂ ကဒ် အသုံးပြုနိုင်မည်မဟုတ်ချေ။



မျက်နှာပြင်အကျယ် ၅.၅ လက်မရှိမည်ဖြစ်ကာ Full HD (1080x1920 pixels)resolution ပါဝင်မည် ဖြစ်သည်။ မျက်နှာပြင်အစွန်းတွင် အနည်းငယ်ကွေးညွတ်သော 2.5D curved display ကို အသုံးပြုထားသည့် အတွက် ပိုမိုဆွဲဆောင်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ ၄င်း Redmi Note 4 စမတ်ဖုန်း၏ထူးခြားချက်မှာ ဘက်ထရီဖြစ်သည်။ ဘက်ထရီမှာ ယခင် Redmi Note စမတ် ဖုန်းများနှင့်မတူဘဲ 4100 mAh ပါဝင်လာမည် ဖြစ်သည်။

ကင်မရာအပိုင်းအနေဖြင့် ကျောဘက်တွင် 13 MP ရှိ ကင်မရာနှင့် အရှေ့ဘက်တွင် 5 MP ရှိ ကင်မရာ ကို အသုံးပြုထားသည်ကို တွေ့ရသည်။ ကင်မရာအနေဖြင့်မူ ယခင် Redmo Note 3 တွင်ပါဝင်သော 16 MP ထက် ပိုမိုနည်းသွားသည်ကို တွေ့ရမည်ဖြစ်သည်။ ကျောဘက်ကင်မရာ၏အောက်တွင် ယခင် Note 3 ကဲ့သို့ပင် Fingerprint Sensor ကို တပ်ဆင်ထားသည်။

အတိုင်းအတာအနေဖြင့် 151 x 76 x 8.35 mm အသီးသီးရှိမည်ဖြစ်ပြီး အလေးချိန် ၁၇၅ ဂရမ်ခန့် ရှိမည်ဖြစ်သည်။ စက်မောင်းနှင်မှုစနစ်မှာ Google ၏ Andriod 6.0 Marshmallow အခြေခံတွင် MIUI 8 UI ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းတစ်ခုလုံးကို သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြိး အရောင်အနေဖြင့် ငွေ ရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်တို့ ရရှိနိုင်မည်ဖြစ်သည်။

ဈေးနှုန်းမှာ Storage 16 Gb ပါဝင်သောဗားရှင်းအတွက် ၁၃၅ ဒေါ်လာခန့် ကျသင့်မည်ဖြစ်ပြီး 64 Gb ဗားရှင်းအတွက်မူ ဒေါ်လာ ၁၈၀ ခန့်ကျသင့်မည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် သြဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ရောင်းချပေးခဲ့သည်။ အခြားနိုင်ငံဈေးကွက်များတွင် ရောင်းချခြင်းရှိ/မရှိကိုမူ မသိရှိရသေးချေ။

No comments:

Post a Comment