Monday, February 27, 2017

Facebook မှ အမေရိကန်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရေး အိမ်ဖြူတော်နှင့် ဆွေးနွေးလျက်ရှိ

အမေရိကန်နိုင်ငံတွင် အင်တာနက်အခမဲ့ဖြင့် အသုံးပြု နိုင်ရေးအတွက် Facebook မှ အိမ်ဖြူတော်နှင့် ဆွေးနွေးလျက်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။



The Washington Post သတင်းဌာနမှ အဆိုပါ သတင်းနှင့်ပတ်သက်၍ ပထမဆုံးဖော်ပြခဲ့ပြီး Free Basics အပလီကေးရှင်းကို မိတ်ဆက်သွားကာ လူအများကို အဆိုပါ plan နှင့် နီးစပ်မှုရှိစေရန် လုပ်ဆောင် သွားနိုင်ကြောင်း သိရသည်။


၎င်း Free Basics ကို အိန္ဒိယနိုင်ငံတွင် စတင် မိတ်ဆက်စဉ်က Facebook သည် အခက်အခဲများစွာ နှင့် ရင်ဆိုင်ခဲ့ရသည်။

ဒေတာအသုံးပြုခ ကျသင့်မှုမရှိသည့်အပေါ် ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ဆက်သွယ်ရေး ကယ်ရီယာကုမ္ပဏီများအား အတော်အသင့် ပြောဆိုခဲ့ရသည်။ အင်တာနက်ဆိုက်အားလုံး ကို ကြည့်ရှုခွင့်မရဘဲ ကြိုတင်သတ်မှတ်ပေးထားသော အင်တာနက်စာမျက်နှာများကိုသာ ကြည့်ရှုနိုင်သည့်အတွက်
အိန္ဒိယနိုင်ငံတွင် အဆိုပါ Free Basics ကို ဖေဖော်ဝါရီလအတွင်းက ပိတ်သိမ်းခဲ့သည်။

ထိုအချိန်က Zuckerberg မှ Facebook သည် အတားအဆီးတစ်မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



ယခုအခါ အမေရိကန်နိုင်ငံတွင် Free Baaics အသုံးပြု နိုင်ရန်အတွက် နိုင်ငံရေးလမ်းကြောင်းမှတဆင့် ဆောင်ရွက် လျက်ရှိသည်။

Free Basics သည်လအင်တာနက်သုံးစွဲသူများ၏ ဒေတာအသုံးပြုမှုကို ပေးရုံမကဘဲ ဒေသတွင်း ဆက်သွယ်ရေး အော်ပရေတာများ၏ ဒေတာ plan အသုံးပြု မှုများကို ရင်းနှီး ကျွမ်းဝင်မှုရှိစေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါအပလီကေးရှင်းမှ သတင်းအချက်အလက်များ၊ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိစေရန် ထောက်ပံ့ပေး သွားမည်ဖြစ်သည်။

Facebook မှ Free Basics အသုံးပြုသူများအတွက် အသေးစိတ်အချက်အလက်များကိုမူ ရှင်းပြခဲ့ခြင်းမရှိချေ။

Facebook ၏ အဆိုပါ Free Basics ကဲ့သို့သော အဆိုပြုမှုများကို ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

Mark Zuckerberg မှ Facebook ၏ ၁၀ နှစ်စာ ရေရှည်စီမံကိန်းများကို ထုတ်ဖော်ပြသခဲ့သည်။ Facebook မှ အိန္ဒိယတွင်ဖြစ်ပေါ်ခဲ့သောကိစ္စမျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် အမေရိကန်အစိုးရနှင့် အကျေအလည် ဆွေးနွေးလျက်ရှိသည်။

အဆိုပါ Mark Zuckerberg ၏ ကမ္ဘာကြီး တစ်ခုလုံးကို အင်တာနက်နှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်တွင် အပလီကေးရှင်းသည် အဓိကဇာတ်ကောင် နေရာမှ ပါဝင်လျက်ရှိသည်။

၎င်းတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်လုံးဝမရရှိ သေးသော ပမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကို အင်တာနက်ရရှိ စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

"တောင်သူလယ်သမားများကို တိကျသေချာတဲ့ ရာသီဥတု ဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့နိုင်မယ်ဆိုရင် သူတို့အတွက် သီးနှံစိုက်ပျိးတဲ့အခါမှာ အထောက်အကူဖြစ် စေဖို့ စိတ်ကူးထားပါတယ်။ ကလေးသူငယ်များအတွက်လည်း စွယ်စုံကျမ်းအဖြစ် သင်ရိုးညွှန်းတမ်းစာအုပ်အစား အသုံးပြု နိုင်စေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု Internet.org ၏ အဆုပြုချက်တွက် ဖော်ပြထားသည်။

Facebook မှ အိမ်ဖြူတော်တွင် ဆွေးနွေးချက်များကို အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိချေ။



Ref; CBS

No comments:

Post a Comment