Saturday, December 11, 2021

ကွန်ပျူတာထဲမှာ ရှိတဲ့ မြန်မာလို နာမည်ပေးထားတဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေကို အမှန် မြင်ရအောင် ပြင်ကြမယ်

Advanced System Font Changer

.



.

ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေကို မြန်မာလို နာမည်ပေးထားပြီးတဲ့အခါ ဝင်းဒိုးအသစ် ပြန်တင်လို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြား အကြောင်းတစ်ခုခုကြောင့် ဖောင့်တွေ ပြောင်းသွားလို့ပဲဖြစ်ဖြစ် မြန်မာစာတွေ အမှန် မမြင်ရတော့ဘူး။ ဒါမှမဟုတ် မြင်ရပေမဲ့ မြန်မာစာလုံးနဲ့ အင်္ဂလိပ်စာလုံး အရွယ်အစားတွေက တူမနေဘူး၊ ကြည့်လို့ မရဘူး ဆိုတာမျိုးတွေဆိုရင် အခု ပေးထားတဲ့ Software လေးကို ဒေါင်းပြီး ပြန်လည်ပြုပြင်လို့ ရပါတယ်။

.

Software ကို ဒီမှာ ဒေါင်းပါ။

.

အရင် Window XP တို့၊ Window 7 တို့မှာတုန်းကတော့ Personalize > Window Color ထဲကနေ icon တွေ၊ menu ဖောင့်တွေကို ပြင်လို့ရပေမဲ့ Window 8 က စပြီး နောက်ပိုင်း Window 10၊ အခု နောက်ဆုံးထွက်ထားတဲ့ Window 11 အထိ အဲဒီလို ပြင်ခွင့် မပေးတော့ပါဘူး။

.

အဲဒီမှာ ဘာဖြစ်ကြသလဲဆိုတော့ ဇော်ဂျီ သုံးသမား ဆိုရင် မြန်မာစာအမှန် လုံးဝ မြင်ရတော့ပါဘူး။ ယူနီကုဒ် သုံးတဲ့သူတွေကျတော့ မြန်မာစာတော့ အမှန်မြင်ရတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံးက အရွယ် အစား တူမနေဘူး၊ မလှနေဘူး ဆိုပြီး ဖြစ်ကြပါတယ်။ အဲဒီအတွက် အခုဒီ Software လေးနဲ့ လိုအပ်သလို ပြင်ဆင်လို့ ရပါတယ်။ ယူနီကုဒ်ပဲဖြစ်ဖြစ်၊ ဇော်ဂျီပဲဖြစ်ဖြစ် ကိုယ်အသုံးပြုလိုတဲ့ ဖောင့်ကို ပြောင်းလဲအသုံးပြုလို့ ရပါတယ်။

.

အရင်ဆုံး Software ကို ဖွင့်လိုက်ရင် အခုလို မြင်ရမှာပါ။

.

.

ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ နဂိုမူလက ရှိနေတဲ့ font setting ကို backup လုပ်ထားချင်သလားလို့ မေးတာဖြစ်ပါတယ်။ လုပ်မယ်ဆိုရင် back file တစ်ခုထုတ်ပေးပါလိမ့်မယ်။ အဲဒါကို စက်ထဲမှာ location ရွေးပြီး save ထားရုံပါပဲ။ အဲဒီအဆင့်က မလုပ်ရင်လည်း ရပါတယ်။ No ကိုသာ နှိပ်လိုက်ပါ။

.

 ဒါကတော့ Advanced System Font Changer ရဲ့ ပထမ စာမျက်နှာ ဖြစ်ပါတယ်။

.

အဲဒီထဲမှာ ဖော်ပြထားတဲ့ Title bar, Menu, Message box, Palette title, Icon, Tooltip စတဲ့နေရာတွေကို နှိပ်လိုက်မယ်ဆိုရင် ညာဘက်ကလို font အမျိုးအစား၊ font size အရွယ်အစား ရွေးချယ်ဖို့ Box လေးတစ်ခု ထွက်လာပါမယ်။

 .

ပထမ ဘယ်ဘက်မှာပါတဲ့ Title, Menu, Message box စတဲ့ တစ်ခုချင်းစီကို အခုလိုနှိပ်ပြီး လိုချင်တဲ့ ဖောင့်အမျိုးအစား၊ အရွယ်အစားကို ရွေးချယ်သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။

.

ဒီနေရာမှာ ယူနီကုတ် သုံးတဲ့သူက Pyidaungsu font ထားပေးရမှာဖြစ်ပြီး ZawgyiOne သုံးတဲ့သူကလည်း ZawgyiOne ဖောင့် ပြောင်းပေးရမှာဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ font size က ပြောင်းဖို့ မလိုအပ်ပါဘူး။ default ပေးထားတဲ့ size နဲ့ပဲ အဆင်ပြေပါတယ်။

.

ဒီအဆင့်လောက်အထိတော့ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

.

အဲဒီထက်ပိုပြီး ကလိချင်သေးတယ်ဆိုရင်လည်း အပေါ်မှာပါတဲ့ Tab ၃ ခုထဲက အလယ်တစ်ခုဖြစ်တဲ့ Advanced ကိုနှိပ်ရင် အခုလို မြင်ရမှာ ဖြစ်ပါတယ်။

.

အဲဒီထဲမှာ icon တစ်ခုနဲ့တစ်ခုကြား ဘေးတိုက် အကွာအဝေး၊ အပေါ်အောက် အကွာအဝေး၊ Menu Bar ရဲ့ အမြင့်၊ အကျယ် စတာတွေကို လိုအပ်သလို ပြင်ဆင်နိုင်ပါသေးတယ်။

.

နောက်ဆုံး Tab ဖြစ်တဲ့ Tool ထဲမှာတော့ Window နဲ့ ပတ်သက်တဲ့ တခြား အသုံးဝင်တဲ့ software လေးတွေကို တွေ့ရမှာပါ။ လိုအပ်လို့ ကလိချင်တယ်ဆိုရင် Internet Connection ရှိနေရင် Download လုပ်ပြီး စမ်းသပ်အသုံးပြု နိုင်ပါတယ်။ (At Your Own Risk)

.

အားလုံးပြီးသွားရင် apply ကို နှိပ်ပေးလိုက်ပါ။ ကိုယ့်ရဲ့ ကွန်ပျူတာကို log out လုပ်ခိုင်းရင် Yes ပေးလိုက်ပါ။ ပြန်ဖွင့်လိုက်ရင် အားလုံး အိုကေသွားပါပြီ။

.

Software Download Link ; https://3c5.com/mMBVm

.

ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း နည်းပညာနဲ့ ပတ်သက်တာတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားပေးပါဦး။

.

ကိုစိုး (Computer Services)

.

 


No comments:

Post a Comment