Sunday, December 12, 2021

ဝင်းဒိုးလိုင်စင် Activae မဖြစ်လို့ စိတ်ညစ်နေရသလား၊ Office တွေကကော Activate မဖြစ်လို့ သုံးမရတော့ဘူးလား

Microsoft Window & Office Activation

.


Computer အသုံးပြုသူတိုင်းလိုလို ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ Window Activate မဖြစ်တဲ့ ပြဿနာပါ။

.

 


 

“Your Windows license will experie soon” ဆိုတဲ့ စာသား ပြနေတာ၊ ကိုယ့် Desktop ရဲ့ ညာဘက်အောက် ထောင့်လေးမှာ “Activate Window” စာသား ပြနေတာဟာ Window Acitivate မဖြစ်တာပါ။

.

နောက်ပြီး Microsoft Word တို့ Excel တို့ သုံးတဲ့အခါမှာ Activate မဖြစ်လို့ အပေါ်မှာ စာတမ်းအနီရောင် ပေါ်နေတာ၊ နောက်ပိုင်းထွက် Office တွေမှာဆိုရင် လုံးဝ အလုပ်လုပ်လို့မရတာတွေ ဖြစ်တတ်ပါတယ်။

 


.

မလုပ်တတ်ရင်တော့ ဒါလေးနဲ့ ဆိုင်သွားပြီးလုပ်ရရင် အလုပ်လည်း ရှုပ်သလို ငွေလည်း ပိုကုန်ပါတယ်။

.

အဲဒီတော့ ကိုယ်တိုင် လုပ်ကြည့်ရအောင်ပါ။ Acitvate နဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ Onlien Digital Activation နည်းကော၊ Offline KMS နည်းကော ၂ မျိုးလုံး လုပ်နိုင်အောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အင်တာနက်လိုင်း အဆင်ပြေတယ်ဆိုရင်တော့ Digital Activation နည်းကို သုံးဖို့ အကြံပြုလိုပါတယ်။ အင်တာနက် အခက်အခဲ ရှိလို့ပဲ ဖြစ်ဖြစ်၊ Digital နည်းနဲ့ မရရင်ဖြစ်ဖြစ်မှသာ KMS ကို သုံးစေလိုပါတယ်။

.

(1) Digital License Activation (Online)

.

Digital License Activation လုပ်ဖို့အတွက် Internet Connection လိုအပ်ပါတယ်။ Window Defender အပါအဝင် ဘယ် Antivirus ကိုမဆို ပိတ်စရာမလိုပါဘူး။ အင်တာနက်ချိတ်ထားပြီး တန်းသုံးရုံပါပဲ။

.

လိုအပ်တဲ့ဖိုင်ကို ဒီမှာ ဒေါင်းပါ။

.

ဒေါင်းထားတဲ့ Zip ကို ဖြည်လိုက်ရင် အခုလို မြင်ရမှာဖြစ်ပါတယ်။

 

ထွေထွေထူးထူးတော့ ရှင်းပြစရာမလိုဘူး ထင်ပါတယ်။ ကိုယ်က Window 7 ကို Activate လုပ်ချင်တာလား။ Window 10 လား၊ ဒါမှမဟုတ် Office 2010 လား၊ Office 2019 ကို Acitvate လုပ်ချင်တာလား။ လိုအပ်တဲ့တစ်ခုကို Right Click နှိပ်ပြီး Run as administrator နဲ့ ဖွင့်ပေးလိုက်ရုံပါပဲ။

.

အဲဒီလို Run ပေးလိုက်ရင် Window Command Prompt အနက်ရောင် box တစ်ခု ပေါ်လာပြီး သူ့ဘာသာ လိုအပ်တာကို လုပ်ပေးပါလိမ့်မယ်။ ပြီးသွားရင် ကိုယ့်စက်ကို Restart လုပ်မလား ဆိုတာ “Yes or Now” “Y or N” မေးပါတယ်။ ကီးဘုတ်က “Y” ကို နှိပ်ပေးလိုက်ပါ။ Restart ကျပြီး ပြန်တက်လာရင် ရပါပြီ။

.

(1) KMS Activation (Offline)

Microsoft Window နဲ့ Office တွေ Acitvate လုပ်ဖို့အတွက် နာမည်ကျော်တဲ့ KMS Activator တွေကို စုပေးထားတဲ့ Software ဖြစ်ပါတယ်။ ဒီမှာ ဒေါင်းပါ။

.

ဒေါင်းလုတ် ပြီးသွားရင် Zip မဖြည်ခင်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ Window Defender တို့လို Antivirus Software တွေကို အရင်ပိတ်ပေးဖို့ လိုပါတယ်။

.

မပိတ်ပေးရင် Zip ဖြည်လို့ ပြီးသွားတာနဲ့ အဲဒီ Antivirus Software က အခုဖိုင်ကို ချက်ခြင်း ဖျက်ချပစ်မှာဖြစ်ပါတယ်။

.

စက်ကို internet connection ပိတ်ထားပေးဖို့ လိုပါတယ်။

.

Zip ဖိုင်ကို ဖြည်ပြီး ထွက်လာတဲ့ v4.1 ကို run ပေးလိုက်ရင် အခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။

 


.

အပေါ်ဆုံးက KMSpico ကို install နှိပ်ပေးလိုက်ရုံပါပဲ။ ပြီးရင် ကိုယ့်ကွန်ပျူတာကို Restart ချလိုက်ရင် အဆင်ပြေပါပြီ။

.

အားလုံးပဲ အဆင်ပြေကြပါစေ။

.

ဒီနေရာမှာ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကွန်ပျူတာက Window License ဘယ်တော့ ပြည့်မှာလဲ။ ရာသက်ပန် လိုင်စင်လားဆိုတာ စစ်နည်းလေး ပြောပြပေးချင်ပါတယ်။

.

လုပ်နည်းကတော့ အရင်ဆုံး Window + R ကိုနှိပ်ပြီး Run Box ကို ခေါ်ပါမယ်။

 

.

Run box ထဲမှာ cmd လို့ရိုက်ပြီး enter ခေါက်ပါ။ အနက်ရောင် command prompt တစ်ခု ပေါ်လာပါမယ်။ အဲဒီအထဲမှာ “slmgr/xpr” ဆိုတဲ့ စာသားကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။

 .

ခဏလေး စောင့်ပေးရင် အခုလို box တစ်ခု ကျလာပါမယ်။

 


.

အခု ကျွန်တော့် ကွန်ပျူတာမှာတော့ ရာသက်ပန် Digital License ဖြစ်တဲ့အတွက် “This machine is permanently activate” ဆိုပြီး ပြနေပါတယ်။

.

KMS နည်းနဲ့ လုပ်ထားတဲ့သူတွေကတော့ တစ်ခါလုပ်ပြီးရင် ၆ လ တိတိ ခံတာဖြစ်လို့ ကိုယ် Activate လုပ်ထားတဲ့ ရက်ကနေ နောက် ၆ လ တိတိ ပြည့်တဲ့နေ့မှာ “license will experie” လို့ ပြနေပါလိမ့်မယ်။

.

ရွှင်လန်းချမ်းမြေ့ကြပါစေ။

.


No comments:

Post a Comment